Wednesday, February 1, 2006

တိတ်တိတ်နေခွင့်

ကျွန်တှော့ကို ချစ်တဲ့သူတွေ ရှိတယ်။ မုန်းတဲ့သူတွေ ရှိတယ်။ အမြင်ကပ်သူတွေ ရှိသလို လေးလေးစားစား ဆက်ဆံသူတွေလည်း ရှိပါတယ်။ ကျွန်တှောကတော့ ချစ်ခြင်း မုန်းခြင်း ကင်းအောင် ကြိုးစားနေထိုင် ပါတယ်။ ချစ်တယ် မုန်းတယ် ဆိုတာ လူတွေကို ပင်ပန်းအောင် လုပ်တဲ့ အရာတွေပါပဲ။ တတ်နိုင်သမျှ အချိန်တှောတှော များများမှာ လူတိုင်းလိုလိုကို ကျွန်တှော အပြုသဘောကနေ ဆက်ဆံပါတယ်။ သူတို့အတွက် ကျွန်တှော အမြဲ ဦးစားပေး စဉ်းစားပါတယ်။ ဒါပေမယ့် အဲဒီလူတွေရဲ့ တုန့်ပြန်ချက်က အံ့ဩစရာ ကောင်းလောက်အောင် ထိတ်လန့်ဖို့ ကောင်းပါတယ်။ လူဟာ ပုံပြင်ထဲက ကုလားအုတ် လိုပါပဲ။ တစ်ခါ အခွင့်အရေး ရပြီးရင် နောက်ထပ် အခါခါ လိုချင်ပါတယ်။ ရတဲ့သူဆီက ပိုလိုချင်ကြပါတယ်။ လူတစ်ယောက်ရဲ့ အမှားအယွင်းတိုင်းမှာ ဆင်ခြေ မဟုတ်တဲ့ အကြောင်းပြချက်တွေ ရှိပါတယ်။ တခါတရံ အမှားအယွင်းတွေကို ပြင်ဆင်ဖို့ အချိန်ယူရပါတယ်။ တခါတရံတော့ လွယ်ပါတယ်။ လူတစ်ယောက် ကောင်းမကောင်း ဆိုတာကို ဘယ်သူတွေ ဘယ်လောက် ပြောပြော ကျွန်တှော လက်မခံပါဘူး။ လူ့အသိုင်းအဝိုင်းက ဘယ်လောက် ဆိုးတယ်ပြောပြော ကျွန်တှော့အပှေါ ကောင်းတဲ့သူဟာ ကျွန်တှော့အတွက် လူကောင်းပဲ ဖြစ်ပါတယ်။ ဘယ်လောက်ပဲ ဂုဏ်တွေ ဒြပ်တွေနဲ့ ပြည့်စုံနေပါစေ ကျွန်တှော့ကို မကောင်းတဲ့သူဟာ ကျွန်တှော့အတွက် ရှောင်ကြဉ်ရမယ့် လူပါပဲ။ အလွန်တရာ အားနာတတ်သူ ကျွန်တှောဟာ သူတပါးကို အားနာရင်း အားနာရင်းက ကိုယ် ပြသနာ တွေ အများကြုံတွေ ခဲ့ရတယ်။ ဘယ်တုန်းကမှ ကျွန်တှော မှားခဲ့တယ်၊ မှန်ခဲ့တယ်လို့ မဆုံးဖြတ် မိပါဘူး။ ကျွန်တှောဟာ ကံတရား ကို ယုံကြည်ပါတယ်။ ကျွန်တှော သူတို့အပှေါ စိတ်ကောင်း ထားနိုင်သရွေ့ ထားမယ်လို့ ဆုံးဖြတ်ထားပါတယ်။ ဒါပေမယ့် ကျွန်တှော စကားပြောရမှာတွေကို တစ်နေ့တခြား ကြောက်ကြောက် လာတတ်ခဲ့တာကတော့ ဘယ်လိုမှ မပြင်နိုင်တော့တဲ့ ဆိုက်ကို တစ်ခု ဖြစ်လာခဲ့ပါပြီ။ ကျွန်တှော တိတ်တိတ်နေခွင့် ရပါစေ ဘုရား။

No response to “တိတ်တိတ်နေခွင့်”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz