Saturday, January 14, 2006

14.01.2006

စိတ်ညစ်တာဟာ စိတ်ပျက်တာ မဟုတ်ဘူး။ စိတ်ညစ်တယ်ဆိုတာ စိတ်က တစ်ချိန်လုံး လေးလံထိုင်းမှိုင်းပြီး ညစ်ညူးနေတာ။ ပျှောစရာ တွေ့လည်း မပျှောဘူး။ စိတ်ပျက်တယ် ဆိုတာက လှည့်မကြည့်ချင် တော့တာ။ ဘာကိုမှ မလုပ်ချင်တော့တာ။ စိတ်ကုန်တယ် ဆိုတာက စိတ်ကုန်သွားတာ။ ဘာမှကို မရှိတော့တာ။ စိတ်ဆင်းရဲ တယ်ဆိုတာ တွေးမိတိုင်း စိတ်ညစ်နေရတာ။ မတွေးချင်လည်း အတွေးထဲကို အဲဒါတွေက ရောက်ရောက် လာတတ်တာဟာ စိတ်ဆင်းရဲတာပဲ။ စိတ်ဆိုးတယ် ဆိုတာက မီးလိုပဲ။ သတ်လို့ရတယ်။ လောင်စရာ ကုန်သွားတဲ့အခါ အဲဒီမီးက အလိုလို ငြိမ်း သွားတယ်။ စိတ်လေတယ် ဆိုတာ စိတ်ကုန်ခါ နီးစပြုတာ။ စိတ်က ဆိုးရတာ များလာရင် ညစ်လာတယ်။ ညစ်ပြီးရင် ပျက်လာတယ်။ ပျက်ပြီးရင် ဆင်းရဲတယ်။ ဆင်းရဲ ပြီးရင် စိတ်ကုန်တာပဲ။ ကျွန်တှော ကိုယ့်ဘဝကို ကိုယ် စိတ်ကုန်လာတယ်။ ဘာလို့များ လူလာ ဖြစ်ပါလိမ့်နှော။ ပင်ပန်းလိုက်တာဗျာ။

Diary , NLS , Idea

No response to “14.01.2006”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz