ဒီနေ့ရွတ်ရမယ့်ကဗျာ
အရာရာဟာ
ခပ်ရိုးရိုးမနေ့ကဟာလည်း
ဒီနေ့လို
မြစ်ကြောင်းကိုပြောင်းဖို့
ကမ်းပါးတွေဖြိုချ
တလက်လက်တောက်ပ
ကြယ်လေးဟာအဝေးမှာ
ငါ့နှလုံးသွေးတစက်ခြင်း
လွှစာမှုန့်တွေလိုကြဲချ
ဘယ်လိုမှဖို့လို့မရတဲ့အနာ
ဇာတ်တှောထဲကငှက်တစ်အုပ်
ရုတ်ချည်းထပျံ
သီအိုရီအဟောင်းတွေ
မေ့နေတာလည်းကြာပြီ
စိုင်းဝင်းမြင့်ကပြောတယ်
သူ့ရင်ထဲကခုံပြာတန်းလေးမှာ
ခုထိဓါးခုတ်ရာရှိသတဲ့
ဘယ်သူတွေရဲ့ရင်ထဲမှာ
ဘာတွေရှိသေးလဲ...
ရင်ထဲ
ထိုးစိုက်ထားတဲ့ဓါးရှည်တွေ
ဆွဲထုတ်ကြ
ထိန်းချုပ်မဲ့တုန့်ပြန်ခြင်းမှာ
ငါတို့ဟာသက်ရှိစစ်စစ်တွေ
ပန်းပွင့်တွေတိုင်ပင်မထားဘဲပွင့်တယ်
ငါတို့အရေပြားနဲ့ဥတုရာသီကိုခံစား
ဝုန်းကနဲထရပ်ရင်
မနက်ဖြန်ဟာ
အသစ်...။
အနီက
မှတ်ချက် ။ အနီကိုဆိုတာ ကျွန်တှောတို့ ကျောင်းတှောကြီးက သူငယ်ချင်း တစ်ယောက်ပါ။
Tags : Friend , Poemို
No response to “The Poem to sing for today”
Post a Comment
Trackbacks
Leave a trackback