Friday, August 12, 2005

Diary 12 August

ဒီနေ့ ကျွန်တှော့စိတ်တွေ တိမ်လိုလွင့်နေခဲ့တယ်။ ဘဝမှာ တနေ့တာရှင်သန်ဖို့ဆိုတာလွယ်ပါတယ်။ ဒါပေမယ့် ပင်ပန်းတယ်ဗျာ။ ကျွန်တှော ဘောလုံးကွင်းထဲမှာ တညနေလုံး သွားထိုင်နေခဲ့တယ်။ တိမ်တွေကိုငေးနေရတာ စိတ်ချမ်းသာတယ်။ အရမ်းကောင်းတဲ့ မြင်ကွင်းလေးတစ်ခုကို မြင်လိုက်ရချိန်မှာပဲ ကျွန်တှောအတွက် အရမ်းလိုအပ်တဲ့ ကင်မရာ မဝယ်ရသေးဘူးဆိုတာ သတိရလိုက်တယ်။ လူ့ဘဝမှာ လိုအပ်တာတွေ များလိုက်တာ။ သီချင်းလေး ၃ ပုဒ် နားထောင်ဖြစ်တယ်။

လောကကြီးထဲ တို့အတူလျှောက်ခဲ့ကြတယ် အမုန်းတရားများ မရှိခဲ့ပါ ဆိုတဲ့ အန်တီဘိုင်အိုတစ် သီချင်းရယ်
ကြယ်တွေစုံပြီလား ဗင်းဆင့် သီချင်းကို ဆိုကြတယ် ဆိုတဲ့ ထူးအိမ်သင်သီချင်းရယ် မင်းငါ့ကို ထူမခဲ့တယ် ဆိုတဲ့ ဂျော့ရှ်ဂရိုဗန် ရဲ့သီချင်းရယ်။

ကျွန်တှော အေးအေးဆေးဆေးလေး နေချင်တယ်။ လူ့လောကကြီးဟာမောတယ်။ သေသွားတဲ့အခါ ကျွန်တှောတို့ အခုရင်ဆိုင်နေရတာတွေတော့ မေ့သွားလိမ့်မယ်။ ကျွန်တှော့ သူငယ်ချင်း ပြောတာလေး သတိရလာတယ်ဗျ.

မြတ်စွာဘုရားရှင်သာ မိသားစုကိုစွန့်ပြီး ဘုရား မဖြစ်လာခဲ့ဘူးဆိုရင် လူတွေလူတွေ အားလုံး ဝိုင်းပြောကြဦးမယ်တဲ့။ ဟုတ်လိုက်လေ သူငယ်ချင်းရာ။ လူတွေက ကိုယ့်ဘာသာကိုယ် မနေကြဘူး။ သူများကို လိုက်ကြည့် တတ်ကြတာကိုး။ ကျွန်တှော အိမ်ကို ဖုန်းဆက်တယ်။ ပန်းခြံတစ်ခုထဲက ဓါတ်မီးတိုင်လေး အောက်မှာ သွားထိုင်နေမိတယ်။ ကျွန်တှောအိပ်တော့မယ်။

ဪ ကျွန်တှော ဒီနေ့လည်း ကျောင်းမသွားဖြစ်ခဲ့ဘူး။

Diary , Essay , Idea

2 Responses to “Diary 12 August”

Mayvelous said...

WOW. :O ok.. Wow!
That was ... something. May be i havent read myanmar post for ages that it took a while to sink in. I can never write like that in burmese. Nicely structured sentences to express emotions.

sweetlay said...

Hay fri,

seike ma nyat par nat.

pyaw pyaw nay par.


Ur's,

Sweet

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz