Tuesday, August 23, 2005

အနီရောင်မင်နဲ့ရေးခဲ့မိသောစာ

အနီရောင်မင်နဲ့ရေးခဲ့မိသောစာ


မေမေ
ကျွန်တှော့ မျက်စိထဲမှာ ဘာကိုမှမမြင်ခဲ့ရင်သိပ်ကောင်းမှာဘဲ။

မေမေ
ကျွန်တှော့ကို ဘာလို့ မွေးဖွားခဲ့တာလည်း

မေမေ
ကျွန်တှော နှာခေါင်းသွေးတွေ လျှံလျှံထွက်နေ တတ်တာလည်း မေမေ့ကို မပြောပြဖြစ်ခဲ့ဘူး

မေမေ
ကျွန်တှောဟာ တကယ်ဆို ကမဿတာကြီးနဲ့ လူတွေအတွက် ဘာမှ မဖန်တီးပေးနိုင်ခဲ့ပါဘူး

မေမေ
ကျွန်တှောဟာ တကယ်ဆို စေတန်တကောင်ပါပဲ

လောကထဲမှာ လူပြောသူပြော များလွန်းတဲ့ တရားခံတစ်ယောက် ဖြစ်ဖို့ မွေးလာခဲ့ရတဲ့ကောင်။

မေမေရဲ့သားဟာ ဆန်ကုန်မြေလေးပဲ။ မေမေရဲ့သားဟာ သူမအတွက် မည်းမှောင်နေတဲ့ ချောက်တစ်ခုတဲ့။
မေမေရဲ့ သားဟာ အိပ်မက်ကို အတင်းအသက် သွင်းချင်နေတဲ့ကောင်။ မေမေရဲ့သားဟာ ကိုယ်တိုင် မလင်းပေမယ့် သူများကို လင်းစေချင်ခဲ့တဲ့ ကောင်ပါမေမေ။

အသက် ရှုသွင်းတိုင်း အာကာသ ဝိညာဉ်ဓါတ်တွေ ကျွန်တှော ယူသုံးခဲ့ပေမယ့် ပြန်ထုတ်လိုက်တဲ့ ထွက်သက် တိုင်းမှာတော့ ကျွန်တှော့ မကောင်းမှုတွေသာ ပါသွားခဲ့တယ်။ ကျွန်တှော မတရားဘူး။ လောကကြီးအပှေါမှာ။

ဘဝရဲ့ အပျှောရွှင်ဆုံး အထက်မြက်ဆုံး အချိန်တွေမှာ ကျွန်တှောဟာ မိန်းမတစ်ယောက် အတွက်နဲ့ ကိုယ့်ဘာသာကိုယ် ဖျက်စီးပစ်ခဲ့တယ်။ အချိန်များ၊ ခံစားချက်များ၊ လူအားလုံးရဲ့ မျက်လုံးများ၊ ရိုးသားမှုများ နဲ့ ဖြူစင်မှုများ။ ကျွန်တှော မတရားဘူး။ က်ြန္ေတာှ့အေပါှမွာ။

ကျွန်တှော့ ဘဝ နေထိုင်နည်းဟာ ဘာလဲ။ အာပေါက်အောင်ပြောပြပေမယ့် ယုံကြည်ချက် မတူညီသူတွေ ကြားထဲမှာ ကျွန်တှော့ အယူအဆတွေဟာ သူတို့အတွက် ရင့်သီးစေခဲ့တယ်။ ကျွန်တှော မတရားဘူး။ အမြင်လွဲသူတွေ အပှေါမှာ။

ချစ်ခြင်း မေတဿတာဆိုတာ ကျောခြင်း ကပ်နေတဲ့ မှန်နှစ်ချပ်ပဲ။ ကျွန်တှောက တစ်ဖက်ကနေ ကြည့်နေသလို သူမက တစ်ဖက်ကနေ ကြည့်နေတယ်။ ကိုယ့်ကိုယ်ကိုယ်တော့ တွေ့နေရပေမယ့် သူများကို မတွေ့နိုင်ခဲ့ဘူး။ ကျွန်တှော မတရားခဲ့ဘူး။ သူမအေပါှမွာ။

ကျွန်တှော ဖြတ်သန်းခဲ့သမျှ ဘဝထဲ ဘာတွေ ရခဲ့ပြီးပြီလဲ။ ဘာတွေရော ပေးဆပ်ခဲ့ ပြီးပြီလဲ။ ကျွန်တှောက ရယူဖို့ ဒါမှမဟုတ် ပေးဆပ်ဖို့ ဆိုတဲ့ စကားတွေအတွက် မွေးဖွား လာခဲ့တာလား။

ညင်ညင်သာသာ ပြောတတ်တဲ့ ကျွန်တှော့ရဲ့ နှုတ်ခမ်းတွေကို ကျွန်တှောမုန်းတယ် မေမေ။ အားနာတတ် လွန်းတဲ့ ကျွန်တှော့ စိတ်တွေကို ကျွန်တှောမုန်းတယ် မေမေ။ ကဗျာတွေ ထွက်ထွက် ကျလာတတ်တဲ့ ကျွန်တှော့ နှလုံးသားကို ကျွန်တှောမုန်းတယ် မေမေ။ အရာရာကို လိုက်လျောတတ်လွန်းတဲ့ ကျွန်တှော့ငြိမ်းချမ်းမှုတွေကို ကျွန်တှောမုန်းတယ်မေမေ။ စိတ်ညစ်တိုင်းသံစဉ်တွေရောစေးရေးမိနေတတ်တဲ့ ကျွန်တှော့ ရဲ့လက်နှစ်ဖက်ကို ကျွန်တှောမုန်းတယ်မေမေ။ မှားယွင်းခဲ့သောရက်စွဲတစ်ချို့အတွက် ကျွန်တှော့ကိုကျွန်တှောမုန်းတယ်မေမေ။

တကယ်တော့ ကျွန်တှောက နေကြာပန်းလေးတွေကိုချစ်တတ်တယ်။ အမွှေးပွ ရုပ်လေးတွေကို ချစ်တတ်တယ်။ လပြည့် ညတွေကို ချစ်တတ်တယ်။ နှင်းစက်တွေကိုချစ်တတ်တယ်။ ဂရိ ပုံပြင်တွေနဲ့ မင်းသားလေး တစ်ယောက်ကိုလည်း ချစ်တတ်တယ်။ အဲဒါတွေကို ချစ်တတ်သူကိုလည်း ချစ်တတ်ခဲ့တယ် မေမေ။

ကျွန်တှော့ရဲ့ ၂၅ နှစ်စာ မှတ်ဉာဏ်ထဲမှာ ငယ်ငယ်တုန်းက စီးခဲ့ရတဲ့ မြင်းရုပ်လေး တစ်ရုပ်ရယ်၊ ကျိုးသွားခဲ့တဲ့ ကျွန်တှော့ ဂစ်တာလေး တစ်လက်ရယ်၊ ပင်လယ်လေ တစ်ချို့ရယ်၊ ကောက်ကျစ်လွန်းတဲ့ ကျွန်တှော့ သူငယ်ချင်း တစ်ချို့ရယ်၊ ထမင်း မစားဖြစ်ခဲ့တဲ့ နေ့ရက်တွေရယ်၊ ကျွန်တှော့ကို ချစ်လွန်း နာကျည်းလွန်းတဲ့ မိန်းမတစ်ယောက်ရယ် နဲ့ ရိုးသားခဲ့တဲ့ နေ့ရက်တစ်ချို့ကို ထပ်ခါထပ်ခါ ပြန်ပြန် သတိရ နေမိတယ်။

တခါတုန်းက ဒီလိုအချိန်လေးမှာ
မှန်အိမ်လေးနဲ့တုန်ရီနေတဲ့အလင်းတိုင်တွေကြားကနေ
ကလေးတစ်ယောက်မွေးဖွားခဲ့တယ်။

သူရေးခဲ့တဲ့ ရာဇဝင် စာအုပ်တွေ အားလုံး မီးပုံရှို့ ခံခဲ့ရတယ်။
သူ့နှလုံးသားတွေကြေမွနေခဲ့တယ်။
သူ့လမ်းတွေလည်းဝေဝါးနေခဲ့တယ်။
သူအေးချမ်းရာကိုရချင်နေခဲ့တယ်။

မိုးများသည်းစွာရွာသည်။ မျှောလေသောသူကားရောက်မလာ။

မေမေ..............

ဒီနေ့အထိ ကျွန်တှောနေထိုင်ခဲ့ရတာ အရမ်းကို မောပန်းနေခဲ့ပြီ။


လင်းဆက်

Poem , Essay , Diary

2 Responses to “အနီရောင်မင်နဲ့ရေးခဲ့မိသောစာ”

Anonymous said...

nyi

very nice.i feel ur mind..same too.

Mayvelous said...

Arrghh! Glaring!
It hurts my eyes. But I read it till the end.

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz