Sunday, August 28, 2005

ဆုတောင်း

ဆုတောင်း


တွေးကြည့်ကြတာပေါ့
ငါ့ကိုယ်ငါ ပန်းတစ်ပွင့်လို ဖန်ဆင်းခွင့် ရခဲ့မယ်ဆိုရင်
ရနံ့သိသူ သက်သက်တွေအတွက်သာ မွှေးမြချင်တယ်။
ငါ့ကိုယ်ငါ လဲမှို့ဝါလေးတွေလို လွင့်မျောခွင့် ရခဲ့မယ်ဆိုရင်
ခေါင်းအုံးတစ်လုံးထဲမှာ ပိတ်လှောင်ခံနေရတာကလွဲလို့
ဘယ်တောဘယ်တောင်ကိုမဆို ငါသွားနိုင်ပါရဲ့။
ငါ့ကိုယ်ငါ ပုလဲတစ်လုံးလို ဖြစ်ခွင့်ရခဲ့ရင်
တန်ဖိုးမရှိရင်နေပါစေ
ရင်ခွင်ထဲမှာပဲ ငြိမ်းချမ်းစွာအိပ်စက်ပါရစေ ပင်လယ်ရေ။
ငါ့ကိုယ်ငါ ထီးလေးတစ်လက်ဖြစ်ခွင့်ရခဲ့ရင်
အမြဲမဟုတ်တဲ့ တခါတရံသတိရာစေးခြင်းတွေကိုသာ ငါတောင့်တပါရစေ။
ငါ့ကိုယ်ငါ ကျားတစ်ကောင် ဖြစ်ခွင့်ရခဲ့ရင်
ပုံပြင်ထဲက ယုန်တွေကိုပဲ ရွေးချယ်စားသောက်မယ်။
ငါ့ကိုယ်ငါ နကဿခတ်တစ်လုံး ဖြစ်ခွင့်ရမယ်ဆိုရင်
လူတွေနာမ မပေးနိုင်တဲ့ အဝေးဆုံးမှာ နေချင်ပါရဲ့။
ငါ့ကိုယ်ငါ ဖြစ်ချင်ရာအားလုံးဖြစ်ခွင့်ရခဲ့ရင်
နားတွေအားလုံး ကန်းသွားချင်တယ်။
ငါ့ကိုယ်ငါ သေနတ်တစ်လက်ဖြစ်ခွင့်ရခဲ့ရင်
မေတာှတဆထြက္မိတဲ့ က်ည္ဆံ နဲ့
ငါမင်းကို ..........။


လင်းဆက်

Poem

One response to “ဆုတောင်း”

phyo nge said...

die die die( thanet pit than)

they p sa yar(hee hee just joking)

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz