Franky Monkey Tutorial
500x500 အကျယ်ရှိသော အဖြူရောင် ဖိုင်တစ်ခုကို ယူပါ။
View>NewGuide ကိုအသုံးပြုပြီး ဂိုက်လိုင်း နှစ်လိုင်းဖြင့် အလယ်မှတ် သတ်မှတ်ပါ။
Tool>Ellipse ကိုသုံးပြီး သင့်တှောသော ပမဏရှိသည့် စက်ဝိုင်း တစ်ခုကို ဆွဲပါ။ ဒီပုံမှာ ဆွဲထားတာက ၃၁၀ လောက် ဖြစ်ပါတယ်။ အလယ်မှတ်မှ စက်ဝိုင်းကို ညီညီညာညာ ရလိုလျှင် အလယ်မှတ်ကို ထောက်ပြီး
Alt+Shift ကိုဖိနှိပ်ထားပြီး ဆွဲပါ။

စက်ဝိုင်းလေယာကို လေယာဗောက်စ်မှာ ညာကလစ်ထောက်၍
Blending Option ကိုရွေးချယ်ပါ။
Inner Shadow, Inner Glow, Gradient Overlay, Stroke စတာတွေကို အောက်က ဆက်တင်အတိုင်း ရွေးချယ်ပါ။




ဒါနဲ့ ဆင်ဆင်တူတဲ့ ပုံကို ရပါလိမ့်မယ်

အဖြူရောင်ပြန် နှစ်ခု ဖန်တီးပေးရပါမယ်။ လေယာအသစ် ရယူပါ။
Tool>EllipticalMarquee ကိုရွေးချယ်ကာ စက်ဝိုင်း၏ အပှေါပိုင်းကို တစ်ဝက်မှတ်သားပါ။ ပြီးရင်
Tool>Gradient ကိုသုံးစွဲပြီး အဖြူရောင် ဖြည့်ပါ။
Gradient Editor မှာ ဆက်တင်ကို ဒီလို ရွေးချယ်ရမှာ ပေးပါ။ ပြီးလျှင်
Optacity ကို လိုချင်သလောက် လျှော့ချပါ။

နောက်အဖြူ တစ်ခုအတွက် လေယာအသစ် ရွေးချယ်ပါ။
Clt ကီးကို နှိပ်ထားပြီး ပထမဆုံး စက်ဝိုင်းလေယာကို ထောက်လိုက်ရင် စက်ဝိုင်းအကျယ် အလိုက် စလက်ရှင် လုပ်ပေးထားတာ တွေ့ရပါလိမ့်မယ်။
Gradient Tool ကိုယခင် အတိုင်းပဲထားပြီး စက်ဝိုင်းရဲ့ အောက်ခြေ နေရာမှာ ဆွဲပါ။ နောက်ဆုံး ဒီလိုပုံ ရလာပါလိမ့်မယ်။


လေယာ အသစ်တစ်ခုပှေါတွင် မျက်လုံး နှစ်လုံးကို ဆွဲပါ။ ထိုမျက်လုံး လေယာကို
Blending Option>Shadow အနည်းငယ် ချပေးပါ။ ပါးစပ်အတွက်
Tool>Pen ကိုရွေးချယ်ပြီး လေယာအသစ်မှာ ဆွဲပါ။ အောက်ခံအရောင်ကို
#ec0000 ထားပါ။ ပြီးရင် အောက်ပါ ဆက်တင်အတိုင်း ချိန်ပေးပါ။



ဒီလိုပုံလေး ရလာပါလိမ့်မယ်။

သွားနှစ်ချောင်းကို
Pen Tool အသုံးပြုပြီး ဆွဲပေးပါ။ ပြီးရင် နဲနဲ ဖောင်းကြွလာအောင်
Bevel and Emboss အနည်းငယ်စီ ထည့်ပေးပါ။ အဲဒီ သွားလေယာဟာ ပါးစပ်အပှေါမှာ ရှိနေရမှာ ဖြစ်ပါတယ်။

မျက်ခုံး နှစ်ဘက်ကို လေယာ အသစ် နှစ်ခုပှေါမှာ ဆွဲပါ။
Blending အနည်းငယ် သုံးပေးပါ။

ပြီးရင် နားရွက် နှစ်ဖက်အတွက် ပထမဆုံး စစချင်း
Background Layer ရဲ့အပှေါ ကျန်လေယာ အားလုံးရဲ့ အောက်မှာ ဆွဲပါ။ ဆက်တင်ကို ဒီလို ပေးပါ။


ဒါဆိုရင် နောက်ဆုံးမှာ ဒီလိုပုံလေး ရလာမှာ ဖြစ်ပါတယ်။

ဒီ ကြောက်စရာ မကောင်းတဲ့ မျောက်ဒရက်ကူလာ ပုံလေးကို ImageReady ထဲပို့ပြီး လှုပ်ခိုင်း လိုက်တဲ့အခါ ဒီပုံလေး ရလာပါတယ် ခင်ဗျား။

Franky Monkey Tutorial by NLS