RSS

Another Cyclone can attack Myanmar soon!!

Wednesday, May 14, 2008




Sattelite Image from JTWC


မြန်မာပြည် ရန်ကုန်နဲ့ ဧရာဝတီကို နောက်ထပ် ဆိုက်ကလုံးတစ်ခု ဦးတည်လာနေတယ်လို့ သိရပါတယ်။ အစိုးရက သတင်းထုတ်ပြန် မထားသလို လွန်ခဲ့တဲ့ တစ်ရက်နှစ်ရက်က သတင်းစာမှာ မုန်တိုင်းမရှိဘူးလို့ ငြင်းဆိုထားပါတယ်။ မုန်တိုင်းဟာ နောက်ထပ် ၂၀နာရီအတွင်း ဖြတ်သန်းနိုင်တယ်လို့ တွက်ဆကြပါတယ်။ ညကတည်းက လေတိုက်နှုန်း ပြင်းထန်နေတာပါ။ အခု ပိုစ့်တင်ချိန် ညနေ ၅နာရီခန့်မှာ မိုးခပ်သည်းသည်း စတင် ရွာသွန်းနေပါတယ်။ ဒီမုန်တိုင်းဟာ အရင်တစ်ခုလောက် မပြင်းထန်သေးပေမယ့် သူဖွဲ့စည်းထားတဲ့ တိမ်ထုကြောင့် မိုးသည်းထန်စွာ ရွာသွန်းနိုင်တယ်လို့ သိရပါတယ်။ လေတိုက်နှုန်းက တစ်နာရီ မိုင်၃၀ ကနေ ၄၀ ဖြစ်နိုင်ပါမယ်။ ဒီတစ်လုံးသာ ပြင်းပြင်းထန်ထန် ထပ်ဝင်မယ် ဆိုရင်တော့ ဒုက္ခသည်တွေ သေကုန်ကြတော့မှာ မြင်ယောင်မိပါသေးတယ်။ ရခိုင်၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ စတဲ့ ပြည်နယ်တွေကို သက်ရောက်နိုင်ပါတယ်။ အခြေအနေ ထူးခြားရင် ထပ်ပြီး တင်ပေးပါမယ်။

5:51pm

လေတိုက်နှုန်း တစ်နာရီ မိုင် သုံးဆယ်ခန့်ဟာ လေပြင်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် Google Earth မှာမြင်ရတဲ့ တိမ်ထုက ကြီးတာမို့ မိုးကြီးနိုင်တယ်လို့ ထင်ပါတယ်။ အများဆုံး ဖြစ်နိုင်တာကတော့ ရေကြီးတာပါပဲ။ မြန်မြန် ဖြတ်သွားပါစေလို့ပဲ ဆုတောင်းရမှာပဲ။


6:15pm

ရခိုင်ပြည်နယ်ဘက်ကို အားပျော့စွာ ရွေ့လျားသွားနေတယ်လို့ FM ကလွှင့်တယ်လို့ သိရပါတယ်။ စောင့်ကြည့်နေရုံမှတပါး ကျွန်တော်တို့အတွက် ရွေးစရာ မရှိပါ။ လောလောဆယ် ရန်ကုန်မှာ မိုးမရွာတော့ပါ။


7 pm

အိမ်ပြန်တော့မည်။ အချိန်နဲ့ တပြေးညီ သတင်းတွေ တင်ပေးချင်ပေမယ့် အိမ်မှာ မီးမလာသေးပါ။ အင်တာနက်လည်း မရှိပါ။ နောက်နေ့ အဆင်ပြေတော့လည်း တွေ့ကြတာပေါ့။ :(

AP
Reuters
Xinxuanet
JTWC

Rescue Plan 1

Tuesday, May 13, 2008


ကျွန်တော်တို့ အဖွဲ့ ဗုဒ္ဓဟူးနေ့မှာ လပွတ္တာမြို့ကို ချီတက်ပါမယ်။ ငွေနည်းနည်းနဲ့ လူအားလုံးကို ကူညီဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် လူငါးရာလောက်အတွက် ရည်စူးပြီး ထိရောက်တဲ့ ကူညီမှု ပေးနိုင်အောင် ဆောင်ရွက်ပါမယ်။ လူတစ်ယောက်စီအတွက် အောက်ပါ ပစ္စည်းများကို ယူဆောင်ပြီး လူငါးရာစာ လှူဒါန်းပါမယ်။ ဘတ်ဂျတ်ကို လူတစ်ယောက်စာ ၅၀၀၀-၆၀၀၀ ထားပါတယ်။ နောက်ပိုင်း လှူဒါန်းလိုသူတွေဟာ အောက်ပါ ပစ္စည်းတွေ ပါဝင်တဲ့ ပက်ကေ့ခ်ျ တစ်ခုစီအလိုက် လှူဒါန်းလို့ ရပါတယ်။ ဟိုရောက်တဲ့ အချိန်မှာ အစဉ်ပြေခဲ့ရင် အလှူငွေများထဲကနေ အိမ်ပြန်ဆောက်နိုင်တာမျိုးကို ငွေကြေးအကူအညီ ပေးပါမယ်။ အသေးစိတ်ကို ပြန်တင်ပေးပါမယ်။

One Package will contain

စောင် ၁ထည်
ဘီစကစ် ၁ထုပ်
ဖိနပ် ၁ရံ
ငါးသေတ္တာ ၂ ဗူး
တီရှပ် ၁ထည်
ဘောင်းဘီ ၁ထည်
ပန်းကန်ပြား ၁ချပ်
အမိုးအကာ လေးပေ ခြောက်ပေ ၁စ

ကျွန်တော်တို့ အခက်အခဲ ဖြစ်နေတဲ့ ကားခနဲ့ အထွေထွေ အသုံးစရိတ် အတွက် ငွေကျပ် ၆သိန်းနီးပါး အကူအညီပေးတဲ့ စင်္ကာပူက မချိုမာညွန့်ကို အထူးပဲ ကျေးဇူးတင်ပါတယ်။

Nargis Donar List

14-May-08

ကိုသိန်းနိုင်+ မမိုးမြတ်လွင် (ISCL) 10000
မဝေးလ်မာ
(ISCL) 5000
ကိုဖြိုး+မသိမ့် (ISCL) 3000
ကိုမြတ်ထွန်း+မချောစုဝင်း (ISCL) 5000
ကိုကျော်စိုးလှိုင် (ISCL) 3000
ကိုဝင်းဗိုလ်ဆန်း (ISCL) 3000
ဦးဆန်းဝင်း (ISCL) 5000
ဦးကိုကို (ISCL) 2000


Ma Sophi (Sopia Fashion Shop, ဗိုလ်ချုပ်ဈေးအနောက်ဖက်တန်း) မှ ကျပ်ငွေ ခြောက်သိန်းခန့် တန်ဖိုးရှိ အဝတ်အထည်များ လှူဒါန်းသည်။



14-May-08 (36000)
Overall Total (13847500)


13-May-08


Ma Khin Ti Moe -S$100
Nan Nan Tint + Zeyar Aung -S$100
Ma Cho Mar Nyunt -S$500

မြန်မာကျပ်ငွေ 584500

Over Total - 13811500



12-May-08

Myanmar PSA Family, Singapore - 7620000
Cyclone Relief Fund (Singapore) - 3360000
Ma Rupar (Inforithm Maze Company) - 9000
Ma San San Aye (Inforithm Maze Company) -3000
Ma Ohnmar Kyaw Myint - 150000
Ko Hein Thu & Family - 5000
Ko Aung Tint Lwin & Family- 10000
Ko Nay Myo Aye - 10000

12 May. 2008 total 11167000 (ကျပ် တစ်ရာတစ်ဆယ့်တစ်သိန်း ခြောက်သောင်း ခုနစ်ထောင်)
Overall Total : 13227000 (ကျပ် တစ်ရာသုံးဆယ့်နှစ်သိန်း နှစ်သောင်း ခုနှစ်ထောင်)


10.05.2008

Myanmar Student Association of Nagaoka University of Technology - 109,000 Yen
မစန်းယုခိုင်နှင့် သူငယ်ချင်းများ- 35000 Yen
မနိုင်းနိုင်းစနေ - 100000
ကိုရဲမြတ်သူ (Alpha) ဓာတ်မီး အလက် ၁၀၀ တန်ဖိုး ကျပ် ၂သိန်းခွဲ

10. May. 2008 Total 1600000
Overall Total : 20,60000


9-May-08

မစံပယ် Inforithm Maze 20000
မတင်မြတ်ထက် (Pink Gold) Inforithm Maze 40000
ကိုမျိုးသာထက် Inforithm Maze 5000
မရူပါ Inforithm Maze 3000
မခင်ချောစု Inforithm Maze 5000
ကိုမျိုးလှိုင်အောင် Inforithm Maze 20000
မခိုင်နွယ်သိန်း Inforithm Maze 10000
ကိုကျော်စိုးမင်း Inforithm Maze 5000
7 Day News Inforithm Maze 100000
Inforithm Maze Employees Inforithm Maze 50000
မမြတ်သဒ္ဓါကျော် Inforithm Maze 2000
မနော်ဟရီ Idea Magazine 50000
မမေမျိုးဟန် Raffel Education Operation 50000
စိုးမင်း (Mark) www.burglish.com 100000

9.May.2008 Total 460000


Latest News From Delta Area

Saturday, May 10, 2008

I'll update the latest news from Delta area. Please see the comment for up-coming news. My first group will report atleast 2 times a day.

Donation Announcement

ဒီနေ့အထိ ကျွန်တော့်ဆီကို နှုတ်ကတိအားဖြင့် လှူဒါန်းငွေဟာ ကျပ်သိန်း ၈၀ ကျော်သွားပါပြီ။ ပစ္စည်းလှူဒါန်းသူများလည်း ရှိပါတယ်။ အခြေအနေ အရပ်ရပ်ကြောင့် ပိုက်ဆံ မရောက်နိုင်သေးလို့ စောင့်နေရတာတွေလည်း ရှိတယ်။ ကျွန်တော့် အနေနဲ့ ဒီမှာ တစ်ယောက်တည်း ဒိုင်ခံ လုပ်နေရတာမို့ လောလောဆယ် Detail လုပ်မပေးနိုင်သေးတာ ခွင့်လွှတ်စေလိုပါတယ်။ အချိန်ရရင် ရသလို စာရင်းတွေကို တင်ပေးထားပါမယ်။

လူတွေက ကူညီချင်တာ၊ လှူဒါန်းချင်တာ၊ အဲဒီဒေသ သွားချင်တာပဲသိတာ။ အခက်အခဲတွေကို ထည့်မတွက် ထားကြပါဘူး။ အကန့်အသတ်တွေလည်း အများကြီး ရှိပါတယ်။ မနေ့က ပထမအသုတ် ထွက်သွားကြသူများရဲ့ သတင်းပေးချက်အရ ကားတွေ အလွန်ကြပ်ပါတယ်။ ကားခဟာ လပွတ္တာကားခဟာ လူတစ်ယောက်ကို ၁၂၀၀၀ ဖြစ်ပါတယ်။ ငါးပိသိပ်သလို စီးကြရတယ်။ တချို့ဒေသတွေမှာ ဒုက္ခသည်တွေဟာ အလွန်ငတ်ပြတ် ဒုက္ခရောက်နေတာကြောင့် နယ်မြေလုံးဝငြိမ်ဘူးလို့ သိရပါတယ်။ အဲဒီဒေသတွေကို အစိုးရက ၀င်ခွင့် ပိတ်ထားတယ်လို့ သိရတယ်။

ရောဂါတွေ စဖြစ်နေပါပြီ။ ဝမ်းရောဂါ အဓိက ဖြစ်ပါတယ်။ ငှက်ဖျားလည်း အလွန်ကြောက်ရပါတယ်။ လယ်ကွင်းတွေထဲမှာ ရေနစ် အလောင်းတွေ ပေါ်နေပါပြီ။ သောက်သုံးရေ အခက်အခဲဟာ အများဆုံး ဖြစ်မယ်ထင်တယ်။ Water Guard လို ရေသန့်ဆေးတွေ ရန်ကုန်မှာ ဝယ်လို့တောင် မရတော့ပါဘူး။ ဒါကြောင့် ဒါတွေကိုလည်း လှူစေချင်ပါတယ်။ ရန်ကုန်မှာ ဈေးတွေ အရမ်းတက်နေပါတယ်။ ပစ္စည်း ဝယ်လို့ မကောင်းပါဘူး။ ဒါကြောင့် လိုအပ်တာတွေကို မန်းလေးကို မှာနေရတယ်။

အခုချက်ချင်း ဆန္ဒတစ်ခုတည်းနဲ့ ထသွား ထလုပ်လို့ ဘယ်လိုမှ မရဘူးဆိုတာကို သတိပေးချင်ပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းမှုကို ဓာတ်ပုံတွေ ပြန်တင်ပေးပါမယ်။ နောက်ထပ် အလှူငွေပမာဏ များပြားရင် ကျွန်တော် ဒီကို ပြန်လာပါမယ်။ ပြီးရင် ပြန်သွားလှူပေးပါမယ်။ ကျွန်တော်တို့ဟာ အဖွဲ့အစည်း မဟုတ်ပါဘူး။ ကိုယ်ကျိုးမပါတဲ့ ဝန်ဆောင်မှု သက်သက်ပါ။ ပိုက်ဆံ မလှူနိုင်လို့ လုပ်အားကို လှူနေတဲ့သူတွေပဲ ဖြစ်ပါတယ်။ အလှူငွေတွေကို ဘယ်လိုသုံးစွဲတယ်ဆိုတာ စာရင်းဇယား အားလုံး အတိအကျ ရေးမှတ်ထားပါတယ်။ ပြန်တင်ပေးပါမယ်။

လူတစ်ယောက် မဖြစ်မနေ ယူသွားရမယ့် စာရင်းကို ကျွန်တော် ပြုစုပေးလိုက်ပါတယ်။

Slipper 1
ခြင်ထောင် 1
ဖော့ပန်းကန် 10
ရာဘာလက်အိတ် 1
ဇွန်း 10
မီးခြစ် 2
ဖယောင်းတိုင် 2
စောင် 1
မြေခင်း 1
နှာခေါင်းစည်း 25
မိုးကာ 1
ခြေအိတ် 2
ဘွတ်ဖိနပ် 1
တစ်ရှူး 1
ဓာတ်မီး 1
ဓာတ်ခဲ 4
ရေသန့် 12
ရေခွက် 20
ခြင်ကာကွယ်ဆေး 1
ဝမ်းပိတ်ဆေး 1
ဝမ်းကိုက်ပျောက်ဆေး 1
ဓာတ်ဆားထုတ် 12
အရေပြားလိမ်းဆေး 1
Hand Gel 2
ကားခ 2
ကိတ်ခြောက် 5
ဘီစကစ် 5

Nargis (1)

Nargis (1)

ကျွန်တော်က မြန်မာပြည်ကို နာဂစ်ဝင်မယ် သတိထားနေ သတိထားနေဆိုပြီး တတ်နိုင်သလောက် လက်လှမ်းမီရာ ပြောတော့ သူငယ်ချင်းတွေက ရယ်ကြတယ်။ ဒီလိုပဲ လေလေးတိုက် မိုးလေးခပ်ပြင်းပြင်းရွာပြီး ပြီးသွားမှာပါတဲ့ သိပ်ကြောက် မနေပါနဲ့လို့ ပြန်ပြောသေးတယ်။ ကျွန်တော်ကတော့ အမေကျော် ဒွေးတော်လွမ်း နိုင်ငံခြားစကား ယုံစားတတ်သူမို့ တစ်ကမ္ဘာလုံးကတောင် စောင့်ကြည့်နေကြတဲ့ ဒီမုန်တိုင်းဟာ ပြင်းထန်မယ်ဆိုတာ သိထားပါတယ်။ နောက်တစ်ခုက ကျွန်တော့်မှာ ဒီလို မုန်တိုင်း အတွေ့အကြုံမျိုးကို ၁၉နှစ်သားထဲက ၄-၅ကြိမ် ကြုံဖူးတယ်။ ဒါကြောင့်မို့ အိမ်ကို စောစောပြန်ပြီး မုန်တိုင်းဒဏ်ကို ကာကွယ်ဖို့ ပြင်ဆင်ရပါတယ်။ လေပြင်းတိုက်ရင် အိမ်က Slide Doors တွေ မခံနိုင်မှာစိုးတာနဲ့ တံခါးတွေ လှုပ်ရှားမှု မရှိအောင် လုပ်ရပါတယ်။ အိမ်တွင်းမှာ လေလုံနေရင် အပြင်ကလေကို ခုခံနိုင်တဲ့ တွန်းအား ရှိတာမို့ အပြင်ဘက်က လေဝင်နိုင်မယ့် နေရာမှန်သမျှကို ပိတ်ဆို့ထားလိုက်ပါတယ်။

မုန်တိုင်းဟာ ရန်ကုန်ကို ၃ရက်နေ့ ညနေ ၅နာရီလောက်မှာ ဝင်မယ်လို့ ခန့်မှန်းထားကြပေမယ့် သတ်မှတ်ချိန်ထက် နောက်ကျပြီးမှ ဝင်လာတာ ဖြစ်ပါတယ်။ အဲဒါကြောင့် ၃နာရီလောက်က လေနဲနဲတိုက် မိုးအနည်းငယ် ရွာလိုက်ချိန်မှာ လူတော်တော်များများက မုန်တိုင်းပြီးသွားပြီလို့ ထင်လိုက်ကြတယ်။ ညနေ ၅နာရီလောက်မှာ မိုးရောလေရော ငြိမ်သွားလိုက်တာ ည ၈နာရီလောက် အထိပါပဲ။ ည ၉နာရီလောက်မှာတော့ လေပြင်း စတိုက်လာပါတယ်။ မိုးသိပ်မပါဘဲ အရှေ့တောင်အရပ်ကနေ လေတွေပိုတိုက်လာတယ်။ ၁၁နာရီလောက်မှာ ရန်ကုန်တစ်မြို့လုံး မီးတွေ ပြတ်သွားပါတော့တယ်။ ဒါပေမယ့် အဲဒီအချိန်အထိ ရန်ကုန်လမ်းတွေပေါ်မှာ သွားလာနေတဲ့ ကားတွေကို မြင်နေရဆဲ ဖြစ်တာမို့ တော်တော်တောင် အံ့အားသင့် နေမိပါသေးတယ်။မနက် ၁နာရီလောက်မှာ လေတိုက်နှုန်းအထူး ပြင်းထန်လာပြီး အိမ်တံခါးတွေအားလုံး တဝုန်းဝုန်းနဲ့ကို ဖြစ်နေပါတယ်။ တစ်ချက်တစ်ချက် ဆောင့်ဆောင့်တိုက်တဲ့ လေက ပိုဆိုးပါတယ်။ အဲဒီအချိန်မှာ သူငယ်ချင်းတစ်ယောက် ဖုန်းဆက်လာပြီး မုန်တိုင်းဟာ ရန်ကုန်မြို့လယ်မှာ ၃နာရီကျော်အချိန် အပြင်းထန်ဆုံး ဖြစ်မယ်ဆိုတဲ့အကြောင်း၊ အခု ဧရာဝတီတိုင်းကို ဖြတ်ကျော်လာနေပြီ ဆိုတဲ့အကြောင်း သတင်းပေးလာတာမို့ ဒီထက် ပိုဆိုးဖို့ပဲ ရှိတယ်လို့ တွက်ဆလိုက်မိတယ်။

မနက် ၃နာရီခွဲ အချိန်မှာတော့ အပြင်းထန်ဆုံး ဖြစ်လာပါပြီ။ တံခါးတွေကို အလုံပိတ်ထားပေမယ့် မှန်တံခါးတွေကြားကို အတင်းတိုးဝင်လာတဲ့ လေဟာ တရွှီရွှီနဲ့ကို နေပါတော့တယ်။ ကျွန်တော်က တံခါးရှိတဲ့ အခန်းတွေတိုင်း တစ်ခန်းချင်းစီကို အသေပိတ်ထားလိုက်ပါတယ်။ အဓိကကတော့ အတွင်းက လေထု ငြိမ်နေအောင်လို့ရယ်၊ လှုပ်ရှားနိုင်တဲ့ အကျယ်အဝန်း မများအောင်လို့ရယ်ပဲ ဖြစ်ပါတယ်။ မှန်တံခါးတွေဟာ ကြောက်ဖို့ကောင်းတယ်။ သူ့ကို ထိန်းထားတဲ့ အလူမီနီယံအသားက လက်တစ်လုံးလောက်သာ ရှိတာပါ။ ပြီးတော့ မှန်သားက ပါးပါးလေးပါ။ တံခါးတစ်ချက် ကွဲထွက်သွားပြီ ဆိုတာနဲ့ တစ်အိမ်လုံး ဘယ်လိုမှ ထိန်းနိုင်တော့မှာ မဟုတ်ပါဘူး။ မနက် ၃နာရီနဲ့ ၅နာရီ အချိန်ဟာ အဆိုးရွားဆုံး ဖြစ်ပါတယ်။ လေတိုက်နှုန်းဟာ အလွန်ကြောက်ဖို့ ကောင်းပါတယ်။ ကျွန်တော့် အတွေ့အကြုံများအရ ဒီလေဟာ တစ်နာရီ မိုင် ၁၀၀ကျော် ရှိတယ်ဆိုတာ သတိထားမိတယ်။ မြန်မာပြည်က သတင်းထုတ်ပြန်ချက်တွေမှာ ကုန်းတွင်းပိုင်းကို ဝင်ရောက်လာရင် လေတိုက်နှုန်း လျော့နည်းသွားမယ်၊ တစ်နာရီကို မိုင်၅၀လောက်ပဲ ရှိတယ် ဘာညာနဲ့ လျှောက်ပြောနေတာတွေကို တကယ် အံ့အားသင့်မိတယ်။ တိုက်တစ်ခုလုံး တုန်ခါနေတယ်လို့ ထင်ရပြီး ဘယ်လိုမှ အိပ်လို့ မရပါဘူး။ တံခါးတွေဟာ ဘယ်လိုမှ ထိန်းမထား နိုင်တော့ဘူးလို့တောင် ထင်လာမိပါတယ်။ အဲဒီအချိန်အထိ ဖုန်းလိုင်းတွေ ကောင်းနေဆဲပါ။

အချို့ အသိမိတ်ဆွေတွေရဲ့ အိမ်မှာ တံခါးတွေ ပိတ်ထားပေမယ့် ပတ္တာတွေ ချောင်ကုန်ပြီး တံခါး အချပ်လိုက် ပြုတ်ကျကုန်တယ်လို့ ဖုန်းဆက် သတင်းပေးလာပါတယ်။ ကျွန်တော် သတိရလို့ အိမ်ရှေ့ မှန်တံခါးကနေ ချောင်းကြည့်တော့ တီဗွီအင်တနာတိုင် ကျိုးထွက်ပြီး တွဲလောင်းကြီး ဖြစ်နေတာ တွေ့ရပါတယ်။ အောက်ထပ်က သူများအိမ် မှန်တံခါးကို ရိုက်မိရင် သူတို့အိမ် ဒုက္ခရောက်မှာကို စိုးတာကြောင့် အရဲစွန့်ပြီး သွားဆွဲရပါတယ်။ လေတိုက်နှုန်း ဘယ်လောက် ပြင်းသလဲဆိုရင် ဝရန်တာမှာ လူဟာ ကောင်းကောင်းရပ်လို့ မရပါဘူး။ တံခါးမကြီးကို ကိုယ်လုံးနဲ့တိုက်ပြီး ဖွင့်ယူရတဲ့အထိ ဖြစ်ပါတယ်။မနက် ၅နာရီခွဲ လောက်မှာတော့ မုန်တိုင်းအနဲငယ် လျော့ကျသွားပါတယ်။ ကောင်းကင်မှာ အလင်းရောင်အနည်းငယ် ထွက်ပေါ်လာတာမို့ ပတ်ဝန်းကျင်ကို မြင်နေရပါတယ်။ အိမ်တွေရဲ့ ခေါင်မိုးက သွပ်ပြားတွေ လေမှာ လွင့်ပျံနေတာ ကြောက်ဖို့တောင် ကောင်းတယ်။ ကြည့်နေရင်းနဲ့ကို အကောင်းအတိုင်း ရှိနေတဲ့ အိမ်ခေါင်မိုးတွေလည်း လေတစ်ချက် ဝှေ့လိုက်တာနဲ့ အတွဲလိုက် ပြုတ်ထွက်ပြီး လေမှာဝဲနေကြတာ လေးငါးခြောက်ထပ် အမြင့်လောက်တောင် ရှိပါတယ်။ မိုးသိပ်မပါဘဲ လေတိုက်တာကတော့ ကြမ်းနေဆဲပါ။

၆နာရီလောက်ကျတော့ အလင်းရောင်ကောင်းကောင်း ပေါ်လာတာမို့ ကင်မရာယူပြီး အပြင်ထွက်ခဲ့ပါတယ်။ကျွန်တော်တို့ ခြံဝန်းက သံတံခါးမကြီးလည်း ပတ္တာပြုတ်ထွက်ပြီး ကွေးလို့နေတယ်။ အပြင်မှာ သွပ်ပြားတွေ ပလူပျံနေဆဲ ဖြစ်တာမို့ အတော်ကြီး သတိထား ရပါတယ်။ လေတစ်ချက် ဝှေ့လိုက်တိုင်း ပစ္စည်းမျိုးစုံက ကိုယ့်ဆီကို ရောက်လာနိုင်တာမို့ တစ်နေရာကနေ တစ်နေရာကို အကူးမှာ အကာအကွယ်ယူပြီး ကူးရပါတယ်။ အဲဒီလို လေနဲ့ပါလာတဲ့ ပစ္စည်းတွေ ထိမိပြီး တိုက်အောက်က ကားလေးစင်းမှာ မှန်တွေကွဲနေတာ တွေ့ရတယ်။ ပန်းဆိုးတန်း အထက်လမ်း တစ်လျောက်မှာ သစ်ပင်ကြီးတွေ အလဲလဲ အပြိုပြို ဖြစ်နေတာ မြင်ရတယ်။ ဖဆပလ ရပ်ကွက်ထဲက အိမ်တော်တော်များများလည်း အမိုးတွေ ကျွတ်ထွက်ကုန်တယ်။ လက်သုံးလေးငါးဖက်လောက်ရှိတဲ့ ကုက္ကိုပင်ကြီးတွေ အမြစ်က လဲကုန်တော့ သူ့အမြစ်တွေ ဆက်နေတဲ့ လမ်းပလက်ဖောင်းတွေလည်း ပျက်စီးကုန်ပါတယ်။ စီးတီးမတ်ကတော့ ဆိုင်းဘုတ် ပြုတ်ထွက်တာကလွဲလို့ ကြီးကြီးမားမား ပျက်စီးတာ မတွေ့ရပါဘူး။ ဂင်ဇာပန်မှာ မှန်တွေအကုန် ကွဲထွက်ကုန်တယ်။ ကားတော်တော်များများလည်း သစ်ပင်တွေ ပိနေတာ တွေ့ရပါတယ်။ အဲဒီအချိန်အထိ လေဟာ ကင်မရာ ကောင်းကောင်း ရိုက်လို့ မရအောင် တိုက်ခတ်နေဆဲပါ။ မြို့တွင်း တစ်ပတ် လှည့်ပတ်ဓာတ်ပုံရိုက်နေတုန်း မိုးတော်တော် ကျလာတာနဲ့ ကျွန်တော်တို့ အိမ်ပြန်ပြေးကြပါတယ်။

To be continued

Nargis' Follow up News


ဒီလို အချိန်မှာ အပြစ်ပြောနေလို့ ဘာမှ ထူးမလာဘူးဆိုတာ သိထားပါတယ်။ ဒါပေမယ့် ဘယ်လိုမှ မနေနိုင်လို့ ပြောလိုက်ပါဦးမယ်။ မိုးလေဝသ ညွှန်မှူး ဦးထွန်းလွင်က ဒီတစ်ခေါက် မုန်တိုင်းသတင်းကို ပြည်သူလူထုကို ကြိုတင် သတင်းပေးနိုင်တာ မြန်မာပြည်မှာ ပထမဦးဆုံးနဲ့ အမြန်ဆုံး ဖြစ်တယ်လို့ 7Day သတင်းဂျာနယ်မှာ ပြောကြားသွားပါတယ်။ မေ၂မှာ သတင်းစာထဲ ပါလာပါပြီတဲ့။ ကျွန်တော်သိတာ ၂၈-၂၉ လောက်ကတည်းကပါ။ ဆိုတော့ စဉ်းစားကြည့်ပေါ့။ နောက်တစ်ခုက ဒီလောက် မုန်တိုင်းဟာ ဒီလောက် အားကြီးနိုင်တယ် ဆိုတာကို သိထားပြီးသားပဲ ဘာဖြစ်လို့ ကြိုတင်ကာကွယ်ရေး ဗဟုသုတတွေကို မပေးခဲ့သလဲ။ ဒီရေ ဘယ်လောက်အထိ တက်နိုင်တယ်။ ရှောင်ရှားနေသင့်တယ်။ ရေတက်လာရင် ဘယ်လိုလုပ်ရမယ်။ တိရစ္ဆာန်တွေကို ဘယ်လိုထားရမယ်။ အမိုးတွေ လွင့်သွားရင် လိုက်မကောက်နဲ့ ဒါမျိုးတွေ ရပ်ကွက်အထိ ဆင်းပြီး သတင်းမပေးခဲ့ပါဘူး။ နောက်ပြီး မနက်မိုးလင်းတာနဲ့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက ဒီမဲကိစ္စပဲ တရစပ် လာနေတယ်။ မုန်တိုင်းအပြီးမှာတောင် မဲထည့်ဖို့ လာနေတုန်းပဲ။ ဆိုတော့ကာ တော်တော် စိတ်ပျက်ဖို့ကောင်းတယ်။ တစ်ရက်က သတင်းစာမှာ ဖတ်လိုက်ရတယ်။ ရပ်ကွက်တွေထဲမှာ ကားနဲ့ဆင်းပြီး လိုက်အော်ပါတယ်တဲ့။ ကျွန်တော်တို့ ရပ်ကွက်မှာတော့ မကြားလိုက်တာ အသေအချာပါ။

ဆန်းစစ်ကြည့်တော့ ဒီလောက် လူအသေအပျောက်များခဲ့ရတာ ပြည်သူတွေမှာ အသိ(Knowledge) မရှိကြလို့ပါ။ အသိမရှိဘူးဆိုတာ မသိရလို့ပါပဲ။ ကျွန်တော်က အင်တာနက်ကနေကြည့်ပြီး ၁၀နာရီ ၁၁နာရီလောက်က မုန်တိုင်း အဝင်ကို ဂရုကို မစိုက်သေးဘူး။ ပိုမို အားကောင်းလာမယ်ဆိုတာ သိထားတယ်။ ပိုအန္တရာယ် ရှိလာနိုင်တယ်ဆိုတာ သိထားတယ်။ နယ်ကလူတွေက အဲဒီလောက် အခြေအနေကို အဆိုးဆုံးထင်ပြီး အိမ်အမိုးလန်လို့ ထွက်ပြင်ကောင်း ပြင်နေမယ်။ ကျွဲနွားတွေ လွတ်ထွက်သွားလို့ လိုက်ကောက်ကောင်း ကောက်နေမယ်။ သူတို့ဟာ ပိုကြီးမားတဲ့ အန္တရာယ်ကို မသိဘူး။ ကျွန်တော်တို့ နိုင်ငံမှာ ဒီလို အသိမဲ့နေတဲ့သူတွေ ဘယ်လောက်တောင် များနေခဲ့ပြီလဲ။ တွေးရင်းတောင် စိတ်မကောင်းဘူး။

နောက်တစ်ခုက ပထမမုန်တိုင်းအပြီး နေ့လည် ၂နာရီလောက်မှာ မြန်မာ့ဆက်သွယ်ရေးက GSM မက်ဆေ့တွေ ဝင်လာတယ်။ မှတ်မိသလောက် ပြောရရင် “This storm is not finish. The Second face will be coming soon. So Don’t Go out” ဒါဟာ ဘာလဲ။ ကျွန်တော်တောင် မျက်စိလည်သွားတယ်။ ကျွန်တော် အင်တာနက်မှာ ဖတ်ထားသလောက် နောက်ဆက်တွဲ မုန်တိုင်း လုံးဝမရှိဘူး။ လူတွေအားလုံးဟာ ပထမမုန်တိုင်းမှာကတည်းက ကြောက်လန့် နေကြပြီ၊ ဒုတိယ တစ်လုံး ထပ်လာမယ်ဆိုတော့ အားလုံး သွေးပျက်ကုန်ကြတယ်။ ရေးထားတဲ့ အင်္ဂလိပ် အသုံးအနှုန်းကိုလည်း ကြည့်ဦး။ သတိပေးတဲ့ပုံလား ခြိမ်းခြောက်တဲ့ ပုံလားဆိုတာ။ ဒီလို သတင်းအမှား (False Information) ကို အစိုးရ ၀န်ကြီးဌာန တစ်ခုက ပေးတယ်ဆိုတာ အလွန်ဆိုးရွားတဲ့ အဖြစ်အပျက် တစ်ခုပါပဲ။

မုန်တိုင်းဒဏ်ကြောင့် လျှပ်စစ်လိုင်းတွေ ချို့ယွင်းပျက်စီး သွားခဲ့ရတယ်။ ရေတွေပြတ်လပ် သွားခဲ့တယ်။ အခုဆို မီးပြန်လာစေချင်ရင်၊ ရေပြန်လာစေချင်ရင် ပိုက်ဆံပေးရမယ်ဆိုတဲ့ စကားတွေ ကြားလာရပြီ။ တစ်ချို့လည်း တကယ်ကို ပေးရတယ်ပြောတယ်။ သိပ်စိတ်ပျက်ဖို့ကောင်းတယ်။ အိန္ဒိယက လှူတဲ့ သွပ်တွေ ရပ်ကွက်ထဲမှာ တစ်ချပ်ကို ၄၀၀၀-၅၀၀၀နဲ့ ၀ယ်ကြရတယ်တဲ့။ အစိုးရဝန်ထမ်း အိမ်ယာတွေ အမိုးလန်ရင် ချက်ချင်း ပြင်လို့ မရဘူး။ ခွင့်ပြုမိန့် မကျသေးလို့ မိုးလေထဲ ဒီအတိုင်းနေကြရတယ်။ မပြောချင်တော့ပါဘူး။ သြော် ရယ်စရာလေးပါ။ အခုလို မုန်တိုင်းပြီးသွားတော့ ပထမဆုံး မီးတွေပြန်ရတာက ဟိုးကိုလိုနီခေတ်က မြေအောက် ဓာတ်အားလိုင်းတွေကို ယူထားတဲ့ အိမ်တွေပါပဲ။ ဒါကြောင့် လူတွေရဲ့ ပါးစပ်ဖျားမှာ အဲဒါ ကိုလိုနီစနစ်ရဲ့ အမွေဆိုး ရလာဒ်တွေပေါ့လို့ အားကျစွာ ပြောနေကြပါတော့တယ်။

Help Aids for Nargis' Victims

Thursday, May 08, 2008

နာဂစ် မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုက ကြောက်ခမန်းလိလိ ဖြစ်ပါတယ်။ ဧရာဝတီတိုင်းမှာ လူတွေ သောက်သောက်လဲသေပြီး ရွာလုံးကျွတ် ပျောက်ကုန်ကြတယ်။ သောက်သုံးရေ၊ စားစရာ၊ နေထိုင်စရာ အခက်အခဲတွေ ဖြစ်နေပြီး လူတွေ ဆက်တိုက် သေနေကြပါတယ်။ ရောဂါတွေလည်း ကျရောက်နေပါပြီ။ ခန့်မှန်းချက်များအရ လူတစ်သိန်းကျော် သေနိုင်တယ်လို့ တွက်ဆကြပါတယ်။ အစိုးရ အနေနဲ့ ချမှတ်ပေးထားတဲ့ ကျပ်သန်းငါးထောင်ဆိုတဲ့ ပမာဏဟာ အတော်ပဲ နည်းပါသေးတယ်။ အထောက်အပံ့တွေကိုလည်း အပြည့်အဝ လက်မခံသေးတာကြောင့် လူတွေ ဒုက္ခရောက်နေကြဆဲပါ။ ဒီအချိန်မှာ ဘယ်သူမှလည်း နိုင်ငံရေး စိတ်မဝင်စားနိုင်ကြ သေးပါဘူး။ ဧရာဝတီတိုင်းက ပျက်စီးမှုဟာ အကြီးမားဆုံး ဖြစ်ပါတယ်။ အစိုးရက ကူညီနေတယ် ဆိုပေမယ့် ဒုက္ခသည်တွေဟာ အထောက်အပံ့ အပြည့်အ၀ မရရှိသေးပါဘူး။ နိုင်ငံတကာ အကူအညီတွေလည်း အပြည့်အဝ မပေးနိုင်သေးပါဘူး။ ဒါကြောင့် ဒုက္ခသည်တွေကို ကူညီချင်သူတွေအတွက် ကျွန်တော် ဧရာဝတီတိုင်းကို ဆင်းပြီး အလှူရှင်တွေ လှူဒါန်းတဲ့ ငွေနဲ့ အထောက်အပံ့ ပစ္စည်းတွေကို ဒုက္ခသည်တွေဆီ တိုက်ရိုက် တာဝန်ခံ လှူဒါန်းပေးပါမယ်။ စိတ်ပါဝင်စားတဲ့ ကမ္ဘာတစ်ဝှန်းက အလှူရှင်တွေအားလုံး အောက်က လိပ်စာမှာ ဆက်သွယ်လှူဒါန်း နိုင်ပါတယ်။

မေလ ၈ရက် (မြန်မာ့အလင်းသတင်းစာ)

သေဆုံးသူ ၂၂၉၈၀
ဒဏ်ရာရသူ ၁၃၈၃
ပျောက်ဆုံးသူ ၄၂၁၁၉

ညီလင်းဆက်
Manager, Online Division
Inforithm-Maze Company
၉/မထလ(နိုင်) ၁၆၉၀၆၅
Address: Bld A-3-1, 1103, Myanma Goan Yi Condo, Mingalartaungnyunt Township, Yangon.
Ph: 09 80 20413

Nargis Cyclone

Friday, May 02, 2008





မြန်မာပြည် ရန်ကုန်မြို့ကို ဖြတ်သန်းပြီး Nargis အမည်ရှိတဲ့ ဆိုက်ကလုန်း မုန်တိုင်းတစ်ခု ဖြတ်သန်း တိုက်ခတ်ဖို့ ရှိနေပါတယ်။ အိန္ဒိယ သမုဒ္ဒရာထဲက ဖြစ်လာတဲ့ လေဖိအားနည်း ရပ်ဝန်းကနေ မြန်မာပြည်ဘက်ကို ရွေ့လာလိုက်တာ အခု စာရေးသားနေချိန်မှာ မုန်တိုင်းပြင်းအား သတ်မှတ်ချက် အဆင့်သုံးကို ရောက်ရှိနေပြီလို့ သိရပါတယ်။ [Cited] သတ်မှတ်ချက်တွေအရ အခုလို အဆင့်သုံး မုန်တိုင်းဟာ လေတိုက်နှုန်း ၁နာရီကို ၂၁၀ကီလိုမီတာကျော်အထိ ရှိနိုင်ပြီး ပျက်စီးမှုလည်း များပြားနိုင်ပါတယ်။ ရန်ကုန်မြို့ကို ညနေ လေးနာရီလောက်မှာ စတင် ဖြတ်သန်းမယ်လို့ သိရပါတယ်။ အရင်နှစ် မာလာမုန်တိုင်း တိုက်ခတ်စဉ်က လေတိုက်နှုန်း ၂၄၀ ကီလိုမီတာ ရှိပါတယ်။ ကျောင်းအချို့ ရုံးအချို့ကို နေ့လည်ပိုင်းမှာ ပိတ်ပေးလိုက်တယ်လို့ သိရပါတယ်။ ယခု 2:30pm အချိန်မှာတော့ မိုးဖွဲဖွဲ ရွာသွန်းနေပြီး အနောက်ဘက် ကောင်းကင်ပြင်မှာ အမည်းရောင် တိမ်တိုက်ကြီး တွေ့လို့နေပါပြီ။ လေတိုက်နှုန်း မြင့်မားလာနေပြီး မိုးရွာသွန်းမှုလည်း တဖြည်းဖြည်း များလာပါတယ်။ သစ်ပင်တွေက လေတိုက်လိုက်တိုင်း တဝိုးဝိုးနဲ့ ယိမ်းထိုးနေကြတာ ကျွန်တော့်နားထဲ နိုးနိုးနိုးနိုး လို့ပဲ ကြားနေမိပါတော့တယ်။


Underground Weather
Bloomberg

28th Birthday

Wednesday, April 30, 2008


မနေ့က ကျွန်တော့်အသက် ၂၈ပြည့်တယ်။ ဒီနှစ်ကတော့ ကျွန်တော့်မှာ ကျဆင်းနေတဲ့ စိတ်ဓာတ်တွေ၊ မျှော်လင့်ချက် ကင်းမဲ့နေတာတွေ မရှိတော့ဘူး။ ကျွန်တော် လူပြောသူပြောခံပြီး လုပ်လာခဲ့တာလေးတွေ တချို့ ဖူးပွင့်လာတယ်။ တချို့လည်း အစို့ အညှောင့်လေးတွေ ပေါက်လာတယ်။ မွေးနေ့မှာ တကူးတက နှုတ်ဆက်ခဲ့ကြသူ အားလုံးကို ကျေးဇူးတင်ပါတယ်။ ထူးထူးခြားခြားလည်း ဘာမှ မလုပ်ဖြစ်ပါဘူး။ ရုံးကနေ ၇နာရီလောက်မှ ပြန်တယ်။ ရေမိုးချိုးပြီး ဝတ္ထုလေးတစ်ပုဒ် ထိုင်ရေးတယ်။ ကျွန်တော့်အတွက်တော့ မွေးနေ့ဆိုတာ ဘာမှမထူးခြားပါဘူး။ ဒီလိုပဲ မနေ့ကလိုပဲ တနေ့ကလိုပဲ သာမန်နေ့ရက်တစ်ခုပါ။ ရုံးသွား အိမ်ပြန် ကိုယ်လုပ်စရာရှိတာလေးတွေ ညဘက်လုပ် ဒီလိုနဲ့ routine တစ်ခုထဲမှာတောင် ပိတ်မိလာတယ်လို့ ထင်မိတယ်။ နေသိပ်မကောင်းချင်တာနဲ့ ည၉နာရီလောက် ကတည်းက အိပ်ပစ်လိုက်တယ်။ မိုးတွေကလည်း ဆက်တိုက် ရွာနေလိုက်တာ။ အပြင်မှာ သည်းသည်းမည်းမည်း။ 2008 မှာကျွန်တော် လုပ်ထားတဲ့ အရာလေးတစ်ခု အပြီးသတ်မယ်။ ဓာတ်ပုံပြပွဲလေး တစ်ပွဲလောက်လည်း လုပ်ဦးမယ်။ ပန်းချီပြပွဲလေးလည်း လုပ်ချင်တယ်။ 2010လောက် ကျရင်တော့ ဒီလောက် စုတ်ပြတ်နေတဲ့ နိုင်ငံမယ် မနေချင်တော့ဘူး။ ကျွန်တော့်အသက် သုံးဆယ်လောက် ဆိုရင်ပေါ့။




Myanmar NLP Resources

Image Hosted by ImageShack.us
Image Hosted by ImageShack.us

Image Hosted by ImageShack.us


ဒါလေးကို ကျွန်တော် လုပ်နေတာ ကြာပါပြီ။ ဟိုးအရင် ကိုယ်ပိုင်အချိန် အများကြီး ရှိတုန်းကတော့ အဘိဓာန် ပုံစံမျိုးလေးအထိ လုပ်မယ်ဆိုပြီး ရည်ရွယ်ခဲ့တာ အခုတော့ မလုပ်နိုင်တော့ပါဘူး။ ဒါကြောင့် ဒါလေးကို အားလုံး အသုံးပြုနိုင်အောင် မျှဝေလိုက်ပါတယ်။ အပေါ်ယံ ကြည့်မယ် ဆိုရင်တော့ ဒါဟာ သမရိုးကျ မြန်မာ စာလုံးတွေ ရိုက်ထားတာပါပဲ။ ဘာမှ မထူးခြားဘူးပေါ့။ ဒါပေမယ့် ထူးခြားပါတယ်။ ကျွန်တော် စလုပ်တုန်းက NLP ကိစ္စတွေအတွက် လုပ်တာပါ။ လုပ်နေရင်းနဲ့မှ ဒီလို Alphabets Concordance ကနေ Language Studies အထိ သွားလို့ရတယ်ဆိုတာ ကျွန်တော် မြင်လာခဲ့တယ်။ ဥပမာ ဒုတိယပုံမှာ ရလာတဲ့ စာလုံးဖွဲ့စည်း ပေါင်းစပ်မှုတွေထဲက မြန်မာစာပေမှာ အနက်ရှိတဲ့၊ အဓိပ္ပာယ်ရှိတဲ့ စကားလုံးတွေကို သီးခြား ခွဲထုတ်လို့ ရလာတယ်။ စာအုပ်အနေနဲ့ဆို အထူကြီး စာမျက်နှာ အများကြီး သွားရပေမယ့် ဒီအပေါ်မှာတော့ တစ်မျက်နှာ ထဲနဲ့တင် လုပ်နိုင်တာ အများကြီး ဖြစ်လာတယ်။

အခုကျွန်တော် ပေးထားတဲ့ ဖိုင်ထဲမှာ မြန်မာအက္ခရာဗျည်း၊ သရ၊ ဗျည်းတွဲ၊ သံပြောင်း၊ အသတ် စတာတွေရဲ့ အချင်းချင်း ပေါင်းစပ်ပုံတွေ အကုန် ပါဝင်ပါတယ်။ တချို့စာလုံးတွေဟာ လုံးဝမဖြစ်နိုင်တဲ့ ပေါင်းစပ်မှုတွေပါ။ ဥပမာ (ညရရစ်)(ဝဝဆွဲဟထိုး) စတဲ့ စကားလုံးတွေပါ။ ဒီလို အနက်မရှိတဲ့ စကားလုံးတွေကို ဖယ်ထုတ်ဖို့ ကျွန်တော်ဟာ မြန်မာအဘိဓာန်တွေနဲ့၊ စာလုံးပေါင်း သတ်ပုံကျမ်း၊ သတ်ညွှန်းကျမ်း များစွာကို ဖတ်ခဲ့ရတယ်။ ဘာလို့လဲဆိုတော့ ဟိုးအရင်က စာလုံးတွေရဲ့ အနက်ဟာ ကာလကြာလာတဲ့အခါ ပြောင်းလဲသွားတတ်လို့ပါ။ ဒါပေမယ့် ဒီဖိုင်ထဲမှာတော့ အဲဒါကို ကျွန်တော် ထည့်မပေးလိုက်ဘူး။ ဒီလို လွယ်လွယ်ကူကူ ထည့်ပေးလိုက်ရင် သိပ်လွယ်တယ်လို့ ထင်မှာစိုးလို့ပါ။ နောက်တစ်ခုက ကိုယ်တိုင် လုပ်ကြည့်စေချင်တာ။ ကိုယ်တိုင် လုပ်ကြည့်ရင် မြန်မာဘာသာစကားကို ကိုယ်တိုင်ပိုမို နားလည်လာပါလိမ့်မယ်။ ကျွန်တော်သာ မြန်မာစာ ပါမောက္ခဆိုရင် စာမေးပွဲစစ်တဲ့အခါ ဒီလိုဖိုင်မျိုး ချပေးပြီး အနက်တွေ၊ အကိုးအကားတွေ ဖြည့်ခိုင်းမယ်။ မရှိတဲ့ စကားလုံးတွေ ပယ်ခိုင်းမယ်။

နောက်တစ်ခုက ဒါလုပ်ရင်းနဲ့ မြန်မာစာရဲ့ တချို့သော အားနည်းချက်တွေကို သိလာပါတယ်။ ဒီလိုပြောတာ အကြောင်းရှိပါတယ်။ ဥပမာအားဖြင့် မြန်မာမှာ သင်ရိုးသရ ၁၂ပါးရှိတယ်။ (အ၊ အာ၊ အိ၊ အီ၊ အု၊ အူ၊ အေ၊ အဲ၊ အော၊ အော်၊ အံ၊ အို) ဒီသရတွေထဲမှာ အို သရအကြောင်း ပြောချင်တယ်။ အိုသရကို နှစ်မျိုးတွေးလို့ရတယ်။ ပထမ တစ်မျိုးက ((ဗျည်း+လုံးကြီ&